၂၀၂၅ ခုနှစ်၊ ဇွန် ၂၆ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး၌ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာမှ တပ်ကုန်းမြို့နယ်သို့ နေလင်းအောင်(ခ)နေလင်း မောင်းနှင်သည့် NPT-8/1C-XXXX MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ဘိန်းဖြူဘလောက်တုံး ၁၀၀ တုံး၊ စုစုပေါင်းအလေးချိန် ၃၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅၂,၀၀၀ ပြားနှင့် ကက်တမင်း ၁ ဒသမ ၁ ကီလိုတို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးများအား ဆီဆိုင်မြို့နယ်မှ တပ်ကုန်းမြို့နယ်သို့ သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပြစ်မှုကျူးလွန်သူအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။