Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပြည်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက်က ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပြည်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်းသိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၉ နာရီ ၅၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ မိုးညိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အင်းက္ကော်လုပ်ကျေးရွာအနီး မိုးညို-ထိန်တောကားလမ်းမဘေး၌ မသင်္ကာဖွယ်တွေ့ရှိသည့် မိုးညိုမြို့နယ်၊ ထွဋ်မြတ်ကျေးရွာနေ သန်းဝင်း(၆၅)နှစ်အား ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ နှစ်လုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့် လည်းကောင်း။  
     အလားတူ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၊ သရက်တောရပ်ကွက်နေ ဒေါ်ချိုချိုဝင်း(၅၅)နှစ်၏နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ရွှေတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဒေါ်ချိုချိုဝင်း အား နှစ်လုံး/သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့်လည်းကောင်း။ 
     ထို့အတူ ညနေ ၅ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွာဘဲရပ်ကွက်နေ ဒေါ်တင်သီတာဝင်း(၃၇)နှစ်၏ နေအိမ်ဈေးဆိုင်၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပြည်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဒေါ်တင်သီတာဝင်း အား နေအိမ်ဈေးဆိုင်ရှေ့ရှိ ကွပ်ပျစ်ပေါ်၌ နှစ်လုံးထီလောင်းကစားရာတွင် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့်လည်းကောင်း။ 
     ထို့အတူ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ (၄)ရပ်ကွက်၊ မကျီးချောင်းရပ်နေ ဉာဏ်လင်းထွဋ်(၃၉)နှစ်၏နေအိမ်တွင် လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ရှာဖွေစစ်ဆေးခဲ့ရာ ဉာဏ်လင်းထွဋ် အား နှစ်လုံး/သုံးလုံးထီ လောင်းကစားရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများဖြင့်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် သန်းဝင်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါ်တင်သီတာဝင်းနှင့် ဉာဏ်လင်းထွဋ်တို့ လေးဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ လောင်းကစားဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
 
 
 
 
   
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ရွှေတောင်မြို့နယ်၊ ပြည်မြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တို့၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။