Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇွန် ၃၀ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇွန် ၃၀ ရက် နံနက် ၁၀ နာရီ ၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ရွှေဘို-ကျောက်မြောင်းကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ စိုးသန်း(ခ)စိုးသိန်း(၅၅)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ DAYANG 110 အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။
     အလားတူ နံနက် ၁၀ နာရီ ၅ မိနစ်တွင် စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် စစ်ကိုင်းမြို့၊ သောတပန်ရပ်ကွက်နေ ဒေါ်မိုးစံ(၂၈)နှစ် မောင်းနှင်လာသည့် 17W-XXXX နံပါတ်တပ်ဆင်ထားသော LOUJIA အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးနှင့် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ နေပူကုန်းရပ်ကွက်နေ အောင်ကိုကို(၂၀)နှစ် မောင်နှင်လာသည့် နံပါတ်မပါ SHANYAN အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။
     ထို့အတူ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် တမူးမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ ဈေးတန်းရပ်ကွက်၊ မီးသတ်လမ်းဆုံ၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် တမူးမြို့၊ စော်ဘွား(၄)ရပ်ကွက်နေ အောင်အောင်(၃၀)နှစ်  မောင်းနှင်လာသည့် နံပါတ်မပါ KENBO 100 အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးနှင့် စော်ဘွား(၈)ရပ်ကွက်နေ မြင့်ဇော်(၄၀)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ HENSIM-110 အမျိုးအစား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးအား လည်းကောင်း။ 
     ထို့အတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာအနီး၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မုဒုံမြို့နယ်၊ မြို့မ(၄)ရပ်ကွက်နေ ရဲဝင်းနောင်(ခ)နောင်နောင်(၃၂)နှစ် မောင်နှင်လာသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။
     ထို့အတူ မွန်းလွဲ ၃ နာရီတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သဲဖြူကုန်းကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သဲဖြူကုန်းကျေးရွာနေ မျိုးချစ်ဦး(၃၄)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။
     ထို့အတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်မှုဇုန်စစ်ဆေးရေးဂိတ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်မရောမြို့နယ်၊ ခရုံကျေးရွာနေ မိုးဝင်း(၄၇)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။
     ထို့အတူ ညနေ ၅ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သထုံမြို့နယ်၊ ကင်မွန်းချုံကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့နယ်၊ ကင်မွန်းချုံကျေးရွာနေ ဝင်းဇော်ဦး(၃၃)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။
     ထို့အတူ ညနေ ၆ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပေါင်မြို့နယ်၊ ကတွန်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာနေ ကျော်ရဲအောင်(၃၅)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။
     ထို့အတူ ညနေ ၆ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိုင်သာယာရပ်ကွက်၊ တိုင်းရင်းဆေးရုံအနောက်လမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်နေ အေးမင်းကျော်(၃၈)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း။ 
     ထို့အတူ မွန်းလွဲ ၁ နာရီ ၅၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ တိုက်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာခွကျေးရွာတိုးဂိတ်အနီး ရန်ကုန်-ပြည်ကားလမ်း၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မှော်ဘီမြို့နယ်၊ ကျွန်းချောင်းကျေးရွာနေ ထွန်းဇော်သန်း(ခ)မောင်ဇော်(၄၆)နှစ် မောင်နှင်းလာသည့် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးအားလည်းကောင်း အသီးသီးတွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စိုးသန်း(ခ)စိုးသိန်း၊ ဒေါ်မိုးစံ၊ အောင်ကိုကို၊ အောင်အောင်၊ မြင့်ဇော်၊ ရဲဝင်းနောင်(ခ)နောင်နောင်၊ မျိုးချစ်ဦး၊ မိုးဝင်း၊ ဝင်းဇော်ဦး၊ ကျော်ရဲအောင်၊ အေးမင်းကျော်နှင့် ထွန်းဇော်သန်း(ခ)မောင်ဇော်တို့ ၁၂ ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
 
 
 
 
 
 
 
 
 
 
 
 
စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။