၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် မွန်းလွဲ ၃ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ အမှတ်(၁၀၆)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မန္တလေးတိုင်းဒေသကြီး၊ မြစ်ငယ်မြို့၊ ပြင်ကြီးရပ်ကွက်နေ အုန်းရွှေ(၅၅)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။
အလားတူ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပေါင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပေါင်မြို့နယ်၊ ထန်းပင်ချောင်းကြီးကျေးရွာနေ အောင်ချမ်းသာ(၂၂)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။
ထို့အတူ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်တွင် ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ပေါင်မြို့နယ်၊ ကျခတ်ငူကျေးရွာနေ ဝင်းနိုင်(၄၁)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။
ထို့အတူ ညနေ ၆ နာရီ ၁၅ မိနစ်တွင် ဘီးလင်းမြို့နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နေ သက်ထူး(ခ)ဖြူတုတ်(၃၃)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။
ထို့အတူ ည ၈ နရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာနေ ကျော်သူရ(၃၀)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။
ထို့အတူ ညနေ ၆ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ မြိုင်သာယာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကျွဲခြံကုန်းရပ်ကွက်နေ ကျော်သူရ(၂၈)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း၊
ထို့အတူ ည ၇ နာရီ ၅၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စစ်ကဲကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေမြိုင်သီရိရပ်ကွက်နေ ချစ်ကိုကို(၂၉)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ဆိုင်ကယ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။







စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။