Language: Myanmar English

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မကာအိုခမ်းရပ်ကွက်၊ ယာမြေကုန်းလမ်းရှိ နေအိမ် မီးလောင်မှု

      ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် နံနက် ၄ နာရီ ၁၀ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မကာအိုခမ်းရပ်ကွက်၊ ယာမြေကုန်းလမ်းရှိ ပိုင်ရှင် ဒေါ်မြဝင်း၏ ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် နေအိမ်၌ အောက်ခံခွက်မပါဘဲ ဖယောင်းတိုင်မီးထွန်းထားရာမှ အဝတ်ပုံပေါ်သို့ လဲကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တာချီလိတ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါဖြစ်စဉ်ကြောင့် ၁၅ x ၂၀ ပေ၊ သွပ်မိုး၊ အုတ်ညှပ် တစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မြဝင်း အား တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။