၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက် နံနက် ၈ နာရီ ၃၆ မိနစ်ခန့်က မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်၌ လေပြင်းတိုက်ခတ်မှုကြောင့် လုံးပတ် ၇ ပေ၊ အမြင့် ၅၀ ပေခန့်ရှိ တမာပင်သည် အမြစ်မခိုင်၍ နေအိမ်ပေါ်သို့ လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပွင့်ဖြူမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် နေအိမ်၏ ၁၁ ပေ၊ သွပ် ၁၃ ချပ် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သတင်းရရှိပါသည်။