Language: Myanmar English

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းတစ်လျှောက် ပြုပြင်ခြင်း၊ ပန်းခြံနှင့် အားကစားလေ့ကျင့်ဆောင်ရွက်သည့် နေရာတို့အား ပြုပြင်ဆောင်ရွက်နေမှုများနှင့် ဂနိုင်ကန် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှု

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းတစ်လျှောက် ပြုပြင်ခြင်း၊ ကျောင်းကြီးစုရပ်ကွက်ရှိ တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်ရှေ့ ပန်းခြံနှင့် အားကစားလေ့ကျင့်ဆောင်ရွက်သည့်နေရာတို့အား ပြုပြင်ဆောင်ရွက်နေမှုများနှင့် ဂနိုင်ကန် သန့်ရှင်းသာယာလှပမှုရှိစေရေး ဆောင်ရွက်နေမှုတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်ဘုရား အတက်လမ်းတစ်လျှောက် ပြုပြင်ခြင်း၊ ပန်းခြံနှင့် အားကစားလေ့ကျင့်ဆောင်ရွက်သည့် နေရာတို့အား ပြုပြင်ဆောင်ရွက်နေမှုများနှင့် ဂနိုင်ကန် သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။