Language: Myanmar English

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်က ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်ဆီးအရေးယူထားကြောင်း သိရသည်။
     ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် ညနေ ၃ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ (၉)ရပ်ကွက်နေ ဒေါ်ကြွယ်၏ လက်ဖက်ရည်ဆိုင်၌ တရားမဝင် နှစ်လုံး/သုံးလုံးထီလောင်းကစား ပြုလုပ်နေကြောင်း သတင်းအရ လားရှိုးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလက်ဖက်ရည်ဆိုင်၌ လားရှိုးမြို့၊ (၉)ရပ်ကွက်နေ ပြည့်ဖြိုးသီဟ(ခ)ကိုဖြိုး(၂၇)နှစ်အား နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြည့်ဖြိုးသီဟ(ခ)ကိုဖြိုး အား လားရှိုးနယ်မြေရဲစခန်း (ပ)၄၈/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၌ နှစ်လုံး/သုံးလုံးထီ လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။