၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက်က မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်ငယ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေလှည့်ကင်း ဆောင်ရွက်နေစဉ် အမရပူရမြို့နယ်၊ နတ်ရေကန်ကျေးရွာ၊ စွယ်တော်ကားကြီးကွင်းအရောက်၌ နတ်ရေကန်ကျေးရွာနေ စိုးလွယ်(ခ)အလွယ်(၂၈)နှစ်အား အရိုး/အသွား ၁၁ လက်မခန့်ရှိ ဓားဦးချွန် တစ်ချောင်းအား ကိုင်ဆောင်သွားလာနေသည်ကို တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် စိုးလွယ်(ခ)အလွယ် အား မြစ်ငယ်နယ်မြေရဲစခန်း (ပ)၈၁/၂၀၂၅၊ လက်နက်ဥပဒေပုဒ်မ ၂၃(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၌ ဓားဦးချွန် ကိုင်ဆောင်သွားလာနေသူ အမျိုးသား တစ်ဦး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။