၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်နှင့် မော်လမြိုင်မြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းအသုံးပြုသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၊ ရန်ကြီးအောင်လမ်းပေါ်၌ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရွှေဘိုမြို့နယ်၊ ထနောင်းဝန်းကျေးရွာနေ ကျော်လင်းဦး(ခ)ဂဒူး(၅၂)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် အမှတ် (၈)ရပ်ကွက်နေ ကျော်ချစ်လွင်(၂၀)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အားလည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ တာပသွန်ကျေးရွာ သာယာကုန်းတိုးဂိတ်၌ မုဒုံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ ဒေါင်းဇရပ်ရပ်ကွက်နေ ကျော်မျိုး(၄၈)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား လည်းကောင်း။
ထို့အတူ ညနေ ၅ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနေ ဒေ့ဒွတ်(၅၅)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အားလည်းကောင်း။
ထို့အတူ ည ၈ နာရီ ၄၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ရွှေပြည်အေးအုတ်ဖိုလမ်းထိပ်၌ မော်လမြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မော်လမြိုင်မြို့နယ်၊ သာယာအေးရပ်ကွက်နေ အောင်ဇော်ဝင်း (ခ)ဟူစိန်(၃၄)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် လှိုင်ရပ်ကွက်နေ မင်းသူအောင်(ခ) ကုလား(၂၃)နှစ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်တို့အားလည်းကောင်း ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ကျော်လင်းဦး(ခ)ဂဒူး၊ ကျော်ချစ်လွင်၊ ကျော်မျိုး၊ ဒေ့ဒွတ်၊ အောင်ဇော်ဝင်း(ခ)ဟူစိန်နှင့် မင်းသူအောင်(ခ)ကုလားတို့ ခြောက်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် စီးနင်းအသုံးပြုသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။