၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက်က ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က မိုးညှင်းမြို့အဝင် BOC စက်သုံးဆီဆိုင် အရှေ့၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နန်းမားမြို့ဘက်မှ မိုးညှင်းမြို့ဘက်သို့ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားမြို့နေ သန်းဇော်(၄၄)နှစ် မောင်းနှင်လာသည့် YGN-9/6G -XXXX TOYOTA VOXY အဖြူရောင်မော်တော်ယာဉ်နှင့် မိုးညှင်းမြို့၊ နတ်ကြီးကုန်း(ဗမာပိုင်း)ရပ်ကွက်နေ စိုးမြင့်အောင်(၄၆)နှစ် မောင်းနှင်လာသည့် YGN-15/4F-XXXX NISSAN AD VAN အဖြူရောင်မော်တော် ယာဉ်တို့အား ရပ်တန့်စစ်ဆေးခဲ့ရာ အဆိုပါမော်တော်ယာဉ်များနှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များဖြစ် ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် သန်းဇော်နှင့် စိုးမြင့်အောင်တို့ နှစ်ဦးအား မိုးညှင်းမြို့မရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၌ လိုင်စင်မဲ့ မော်တော်ယာဉ် နှစ်စီး ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။