၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရပ်တန့်ထားသည့် ဘေးတွဲဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ကလေးငယ် ငါးဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁ ရက် ည ၈ နာရီ ၄၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာအနီး ကော့မှူး-တွံတေးကားလမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်နေ ဇော်မင်းထိုက်(၄၆)နှစ် မောင်းနှင်လာသည့် YGN-19/3L-XXXX LIGHT TRUCK အဖြူရောင်မော်တော်ယာဉ်သည် ပိန္နဲကုန်းကျေးရွာအနီးအရောက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌ ရပ်တန့်ထားသည့် ဘေးတွဲဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဘေးတွဲဆိုင်ကယ်ပေါ်တွင် ထိုင်နေသည့် ကော့မှူးမြို့နယ်၊ ပိန္နဲကုန်းကျေးရွာနေသူများဖြစ်ကြသည့် ဒေါ်သင်းသင်း(၃၇)နှစ်နှင့် မနော်စီရိုဖော် (၁၂)နှစ်ပါ ကလေးငယ် ငါးဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဇော်မင်းထိုက် အား ကော့မှူးမြို့မရဲစခန်း ယာဉ်(ပ)၃၃/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်၌ မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရပ်တန့် ထားသည့် ဘေးတွဲဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့မှုကြောင့် ကလေးငယ် ငါးဦးနှင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု မှတ်တမ်းဓာတ်ပုံ။