Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၊ နောင်ဝယ်ကျေးရွာ၌ ကြက်ခြံ မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် မြို့နယ်၊ လက်ပံကုန်းကျေးရွာအုပ်စု၊ နောင်ဝယ်ကျေးရွာ၌ ပိုင်ရှင် ဦးသန်းမောင်၏ ကြက်ခြံရှိ ကြက်ပေါက်များထည့်ရန်အတွက် အသုံးပြုသော ၁၅၀ x ၅၀ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ် အဆောက်အအုံ၌ ထင်းမီးဖိုအသုံးပြု၍ ကြိုတင်အပူပေးရာမှ ဝါးကြမ်းခင်းအား မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၁ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 

      အဆိုပါဖြစ်စဉ်ကြောင့် ၁၅၀ x ၅၀ ပေ၊ သွပ်မိုး၊ အုတ်ကာ တစ်ထပ် အဆောက်အအုံ မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးသန်းမောင် အား ပြင်ဦးလွင်မြို့နယ်၊ ပြင်စာနယ်မြေရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။