၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်ရှိ အခြေခံပညာကျောင်းများ၌ တိုင်းကျန်းမာရေးဦးစီးဌာန၊ သွားနှင့် ခံတွင်းကျန်းမာရေးဆရာဝန်ကြီးများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနအဖွဲ့တို့မှ ကျောင်းသား၊ ကျောင်းသူများအား နည်းစနစ်မှန်ကန်စွာ သွားတိုက်ခြင်း လက်တွေ့သရုပ်ပြမှုနှင့် သွားနှင့်ခံတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ တက်ရောက်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိ ပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အခြေခံပညာကျောင်းများ၌ သွားနှင့် ခံတွင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။