၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၃)ရပ်ကွက်၊ စက်မှုဇုန်အတွင်းရှိ Glamdust Company ၌ ထိန်းချုပ်ဓာတုပစ္စည်းများ သတ်မှတ်ချက်ကျော်လွန်၍ သိုလှောင်ထားရှိမှု မရှိစေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၁၃)ရပ်ကွက်၊ စက်မှုဇုန်များအတွင်း၌ ထိန်းချုပ်ဓာတုပစ္စည်းများ သိုလှောင်ထားရှိမှု မရှိစေရေး ကွင်းဆင်းစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။