Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုသူများအား ဖမ်းဆီးအရေးယူ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်က စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

    ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့များက လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်နေ တင်ထွေး(၆၂)နှစ်၊ ထနောင်းကုန်းကျေးရွာနေ ဇော်လင်း(၄၇)နှစ်နှင့် စစ်ကိုင်းမြို့၊ ပတ္တမြားရပ်ကွက်နေ မျိုးမင်းဦး(၄၈)နှစ်၊ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ကလွီကျေးရွာနေ အေးအေးခိုင်(၂၈)နှစ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်နေ နေထက်လင်း(၂၆)နှစ်၊ ကျခတ်ငူကျေးရွာနေ ဝင်းစိုး (၅၄)နှစ်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာနေ ဦးမောင်(၅၀)နှစ်နှင့် ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက်နေ နေလင်းခိုင်(၅၇)နှစ်တို့ ရှစ်ဦးအား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ရှစ်ဦးအား သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ စီးနင်းအသုံးပြုသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။