၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ထော်လာဂျီယာဉ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၂ ရက် ည ၁၁ နာရီ ၁၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၊ “ဆန်ဖိုးနား” အထည်ချုပ်စက်ရုံအနီး၌ ယာဉ်မတော်တဆမှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၅၉) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ သန်လျင် မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ လှိုင်ဘွား(၂၈)နှစ် မောင်းနှင်ပြီး သန်လျင်မြို့နယ်၊ ပျဉ်ထောင်ကျေးရွာနေ မင်းမင်းလတ်(၅၄)နှစ် လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် သီလဝါလမ်းအတိုင်း အနောက်မှ အရှေ့သို့ မောင်းနှင်လာစဉ် “ဆန်ဖိုးနား” အထည်ချုပ်စက်ရုံအနီးအရောက်၌ နောက်ဘီးပြုတ်ထွက်ကာ တိမ်းစောင်းသွားခဲ့သဖြင့် မင်းမင်းလတ်မှာ ယာဉ်ပေါ်မှပြုတ်ကျပြီး ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံး သွားခဲ့သောကြောင့် လှိုင်ဘွား အား သန်လျင်မြို့မရဲစခန်း ယာဉ်(ပ)၁၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်၌ ထော်လာဂျီယာဉ်ပေါ်မှ ပြုတ်ကျ၍ အမျိုးသား တစ်ဦး သေဆုံးမှု မှတ်တမ်းဓာတ်ပုံ။