၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်ရှိ မော်လမြိုင်တက္ကသိုလ်နှင့် ဖားအောက်ကျေးရွာရှိ နည်းပညာတက္ကသိုလ်တို့၌ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ ကျောင်းသား/ သူများ သက်သာချောင်ချိရေးအတွက် အခြေခံစား သောက်ကုန်များရောင်းချနေမှုများအား ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်၍ အစိုးရအဖွဲ့အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ပြည်နယ် အုပ်ချုပ်ရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်လင်းထွေး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့ရှိ တက္ကသိုလ်များ၌ ဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ကျောင်းသား/ သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များ ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးမှု မှတ်တမ်းဓာတ်ပုံ။