Language: Myanmar English

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေး ခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်) တပ်ဖွဲ့ဝင်များအား မိုးကာအင်္ကျီများ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်

      ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများ လုံခြုံမှုရှိစေရေးနှင့် အကြမ်းဖက်မှုအန္တရာယ်များ မဖြစ်ပွားစေရေးအတွက် လုံခြုံရေး ဆောင်ရွက်လျက် ရှိသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်) တပ်ဖွဲ့ဝင်များအား မိုးကာအင်္ကျီများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များနှင့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်)တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့(မြို့ပေါ်) တပ်ဖွဲ့ဝင် များအား မိုးကာအင်္ကျီများထောက်ပံ့ပေးအပ်ခြင်း အခမ်းအနား ကျင်းပမှုမှတ်တမ်းဓာတ်ပုံ။