Language: Myanmar English

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကလော မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သည့်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီတွင် ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကလောမြို့နယ်အတွင်းရှိရွှေလုပ်ငန်းရှင်များနှင့် မှတ်ပုံတင်လက်မှတ်ရရှိထားသည့် အဖိုးတန်သတ္တု(‌ရွှေ)ရောင်းဝယ်သူများ၏ လုပ်ငန်းအဆင်ပြေချောမွေ့စေရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် စနစ်တကျ ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမှ  ရွှေလုပ်ငန်းရှင် များအား လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်၊ ကလောခရိုင်၊ ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ မြို့နယ်အတွင်းရှိ ရွှေလုပ်ငန်းရှင်များနှင့် အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်သည့်ကိစ္စနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပမှုမှတ်တမ်းဓာတ်ပုံ။