ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်က ဖဲရိုက် လောင်းကစား ပြုလုပ်သူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၃ ရက် ည ၁၁ နာရီ ၃၀ မိနစ်တွင် သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏကြီးပွားရေး ရပ်ကွက်နေ ဒေါ်ရီရီဝင်း(၅၀)နှစ်၏ နေအိမ်တွင် ဖဲရိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ သုဝဏ္ဏနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၌ ဒေါ်ရီရီဝင်းပါ အမျိုးသား တစ်ဦး၊ အမျိုးသမီး လေးဦးတို့အား ဖဲရိုက်လောင်းကစားပြုလုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊ လောင်းကြေးငွေများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ဒေါ်ရီရီဝင်းပါ ၅ ဦးအား သုဝဏ္ဏ နယ်မြေရဲစခန်း (ပ)၁၃၁/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၆(က)/၁၇(က) ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၌ ဖဲရိုက်လောင်းကစားပြုလုပ်သူမျာအား ဖမ်းဆီးအရေးယူထားမှု မှတ်တမ်းဓာတ်ပုံ။