Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိ

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက်နှင့် ၄ ရက်က စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် နံနက် ၁၁ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မြစ်ငယ်မြို့၊ ဥယျာဉ်တောရပ်ကွက်နေ လှစိုးဦး (၄၂) နှစ် မောင်းနှင်လာသည့် နံပါတ်မပါ Luojia အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးနှင့် အမရပူမြို့၊ ရွှေဒင်ရပ်ကွက်နေ မောင်ချမ်း (၂၉) နှစ် မောင်းနှင်လာသည့် ZHINENG အမျိုးအစား လိုင်စင်မဲ့ ဆိုင်ကယ် တစ်စီးတို့အားလည်းကောင်း။

     အလားတူ ဇူလိုင် ၄ ရက် နံနက် ၉ နာရီ ၅၅ မိနစ်တွင် ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက်၊ ရွှေဘို-ကန်တော်သွားကားလမ်း၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ ဇင်မင်းထွန်း(၄၅)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ KENBO 125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး၊ စဉ့်တုံကျေးရွာနေ ဝင်းတင့်(၆၀)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ NEW ANBO 125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီး၊ အမှတ်(၃)ရပ်ကွက်နေ ဇန်ထက် (၃၀)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ JINLING 90 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးနှင့် ကံသာကုန်းကျေးရွာနေ လှိုင်ဝင်း(ခ)ယူစွတ်(၄၁)နှစ် မောင်းနှင်လာသည့် နံပါတ်မပါ KENBO 125 အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးတို့အား လည်းကောင်း။

      အလားတူ နံနက် ၈ နာရီ ၁၅ မိနစ်တွင် မွန်ပြည်နယ်၊ ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘီးလင်းမြို့နယ်၊ ဘိုးလှကြီးရပ်ကွက်၊ ရန်ကုန်-မော်လမြိုင် ကားလမ်း၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ ပရ်ဒီကူမာရ်(ခ) ပါပါး(၃၆)နှစ်ပါ အမျိုးသား ၃ ဦး မောင်းနှင်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် သုံးစီးတို့အားလည်းကောင်း။

      အလားတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ဖလပ်ကျေးရွာအနီး၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါ ကျေးရွာနေ သဲကို (၂၀) နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးတို့အားလည်းကောင်း။

   အလားတူ နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ ကင်းမွန်းချောင်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ငှက်ပျောတောကျေးရွာ၊ ကျိုက်ထို-ကင်မွန်းချောင်းကားလမ်း၌ မော်တော်ယာဉ် စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ကျွန်းတောကျေးရွာနေ ထက်ရီရီမြင့်(၂၅)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့ ဆိုင်ကယ် တစ်စီးတို့အားလည်းကောင်း။

       အလားတူ မွန်းလွဲ ၁ နာရီတွင် မော်လမြိုင်မြို့နယ်၊ စက်မှုဇုန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ သည် ဘားအံ-မော်လမြိုင်ကားလမ်း စက်မှုဇုန်စစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သံဖြူဇရပ်မြို့နယ်၊ ဝဲရပ်ကျေးရွာနေ အောင်အောင်ဦး(၄၀)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးနှင့် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် စစ်ကဲကုန်းနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ဘိုကုန်းရပ်ကွက်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ မော်တော်ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မဟာမြိုင်ရပ်ကွက်နေ ဇော်မျိုးလတ်(၄၂)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးတို့အား လည်းကောင်း။

   ထို့အတူ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သင်္ဃန်းကျွန်းမြို့နယ်၊ ဦးစံဖေရပ်ကွက်၊ လေးထောင့်ကန်လမ်းပေါ်၌ မော်တော်ယာဉ် စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် သုဝဏ္ဏ(ခ)ရပ်ကွက်နေ ဟိန်းမင်းကျော်(၂၈)နှစ် မောင်းနှင်လာသည့် လိုင်စင်မဲ့ဆိုင်ကယ် တစ်စီးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား သက်ဆိုင်ရာ ရဲစခန်းများ၌ အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။