မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များ ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက် ညနေ ၆ နာရီ ၅ မိနစ်တွင် သထုံမြို့နယ် သိမ်ဆိပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ကတိုက်ကြီးကျေးရွာရှိ လမ်းမပေါ်၌ မော်တော် ယာဉ် စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် အဆိုပါကျေးရွာနေ သူရကျော်(၄၃)နှစ်အား လိုင်စင်မဲ့ မော်တော် ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ ည ၆ နာရီ ၁၅ မိနစ်တွင် သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၊ ကတိုက်ကြီး-ကျိုက္ကော် သွားလမ်း၌ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အဆိုပါရပ်ကွက်နေ ဖြိုးပိုင်စိုး(၂၃)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ ညနေ ၆ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ ဇေယျာသီရိနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့က သာယာအေးရပ်ကွက်၊ လှိုင်ဇေယျာ(၁)လမ်းမပေါ်တွင် ယာဉ် စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် သာယာအေးရပ်ကွက်၊ မေတ္တာလမ်းနေ လွင်မင်းနောင် (၁၇)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း၊
အလားတူ ည ၇ နာရီ ၂၀ မိနစ်တွင် မော်လမြိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က မြေနီကုန်းရပ်ကွက်၊ မြို့ရှောင်လမ်းတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ရုပ်တုအဝိုင်း ဘက်မှ မြေနီကုန်းမီးပွိုင့်ဘက်သို့ ဇေယျာချမ်းမြေ့ရပ်ကွက်နေ အာကာထွဋ်(ခ)အာကာ (၂၁)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ ဇူလိုင် ၁၂ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်တွင် ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ် နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သိမ်ဇရပ်မြို့၊ အမှတ်(၁)ရပ်ကွက်ကြီး၊ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမဟောင်း၊ ပေရှစ်ဆယ်ကျေးရွာလမ်းဆုံတွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက် နေစဉ် ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်း(၆)ကျေးရွာနေ လပြည့်အောင်(ခ)ပိုင်သက်ဖြိုး(၂၁)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဘီးလင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က ကန်သာယာရပ်ကွက်၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမကြီးပေါ်တွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အင်းဖလောင်းကျေးရွာနေ သန်းအောင်ကျော်(ခ)အထွန်း(၄၇)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ မြိုင်သာယာနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ၆ မိုင်စစ်ဆေးရေးဂိတ်နှင့် ဟင်္သာအဝိုင်းကြား လမ်းမပေါ်တွင် ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ကျွဲခြံကုန်းရပ်ကွက်နေ ရဲကျော်ကျော်(၃၂)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၃၅ မိနစ်တွင် သထုံမြို့နယ်၊ ကျိုက္ကော်ရပ်ကွက်၊ ကတိုက်ကြီး-ကျိုက္ကော် သွားလမ်း၌ သိမ်ဆိပ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မရမ်းကုန်းကျေးရွာနေ ဆက်ပိုင်ဖြိုး(၂၉)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၄၅ မိနစ်တွင် မော်လမြိုင်မြို့နယ်၊ စက်မှုဇုန်နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ညောင်ပင်ဆိပ်ရပ်ကွက်၊ စက်မှုဇုန်စစ်ဆေးရေးဂိတ်တွင် ယာဉ် စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဘားအံမြို့နယ်၊ ကဒွန်းကျေးရွာနေ မောင်မိုး(ခ) မောင်မောင်ဗိုလ် (၂၇)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း။
အလားတူ ည ၅ နာရီ ၄၀ မိနစ်တွင် ပေါင်မြို့နယ်၊ မုတ္တမနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က မုတ္တမကျေးရွာ၊ ခရိုင်ချင်းဆက်ကားလမ်းမပေါ်တွင် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် နတ်မှော်ကျေးရွာနေ စိန်လှဌေး(၂၁)နှစ်အား လိုင်စင်မဲ့မော်တော်ဆိုင်ကယ် တစ်စီးဖြင့် လည်းကောင်း။
အလားတူ ညနေ ၆ နာရီ ၁၀ မိနစ်တွင် သံဖြူဇရပ်မြို့နယ်၊ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝယ်သွန်ချောင်ကျေးရွာ၊ ရေး-သံဖြူဇရပ်လမ်းမပေါ်၌ ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် အောင်ကုသိုလ်ရပ်ကွက်နေ ထွန်းနိုင်(၄၂)နှစ်အား လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် တစ်စီးဖြင့်လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ ၁၁ ဦးအား သက်ဆိုင်ရာ ရဲစခန်းများ၌ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။











မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။