စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တို့၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတားစစ်ဆေးရေးဂိတ်၌ စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကလေးမြို့၊ တာဟန်းရပ်ကွက်နေ ပြည့်စုံအောင် (၂၆)နှစ် အား YGN-22 RLG/XXXX MARK II အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့် လည်းကောင်း။
အလားတူ ညနေ ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းမိုင်တိုင်အမှတ် ၁၂၀ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံကြား၌ ညောင်ပင်သာနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ဖြူးမြို့နယ်၊ ကညင်ဒိုင်းကျေးရွာနေ ထွန်းထွန်း(၄၅)နှစ်အား MDY-9 9F/XXXX MAZDA TITAN အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်ဖြင့်လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် ပြည့်စုံအောင်နှင့် ထွန်းထွန်းတို့အား သက်ဆိုင်ရာရဲစခန်းများ၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီး အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တို့၌ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖမ်းဆီးရမိမှုမှတ်တမ်းဓာတ်ပုံ။