မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၁ ရက်က ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၁ ရက် ညနေ ၅ နာရီ ၁၀ မိနစ်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၊ ပင-ကရုပ္ပိကျေးရွာသွားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ သံဖြူဇရပ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါလမ်းအတိုင်း ကော့ထော်ဇရပ် ကျေးရွာဘက်မှ ပငကျေးရွာဘက်သို့ မော်လမြိုင်မြို့နယ်၊ ဒိုင်းဝန်ကွင်းရပ်ကွက်နေ အောင်လွင်ထွန်း (၄၂)နှစ်သည် MON-4 6M/XXXX SKAT အမျိုးအစား ခြောက်ဘီးယာဉ်အား နောက်ဆုတ်မောင်းနှင်စဉ် ဆိုင်ကယ်ဖြင့် ရပ်တန့်နေသည့် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာနေ ဒေါ်သီသီဝင်း(၄၀)နှစ်အား ဝင်ရောက် တိုက်မိ၍ ဒေါ်သီသီဝင်းတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သောကြောင့် အောင်လွင်ထွန်းအား သံဖြူဇရပ်မြို့မရဲစခန်းယာဉ်(ပ)၆/၂၀၂၅ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးမှုဖြစ်စဉ်မှ မော်တော်ယာဉ်၏ မှတ်တမ်းဓာတ်ပုံ။