Language: Myanmar English

ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံ-တာဆန်းလမ်းမကြီး၏ မြို့အထွက်လမ်းဘေး ဝဲ/ယာ၌ သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စိန်ပန်းပင်များစိုက်ပျိုးခြင်း၊ ခြံစည်းရိုးကာရံခြင်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၄ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံ-တာဆန်းလမ်းမကြီး၏ မြို့အထွက်လမ်းဘေးဝဲ/ယာ၌ အမှိုက်များအား သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စိမ်းလန်းစိုပြည်ရေးအတွက် စိန်ပန်းပင်များစိုက်ပျိုးခြင်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလွင်မိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
 
 
ရှမ်းပြည်နယ်၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံ- တာဆန်းလမ်းမကြီး၏ မြို့အထွက်လမ်းဘေး
 ဝဲ/ ယာတွင် သန့်ရှင်းရေးဆောင်ရွက်ခြင်း၊ စိန်ပန်းပင်များစိုက်ပျိုးခြင်း၊ ခြံစည်းရိုးကာရံခြင်းများ 
ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။