၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၁၆ ရက် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်နေ အောင်ဖြိုးဝင်း(ခ)ဂျွန်နိုက်(၂၃)နှစ်နှင့် ဈေးကြိုရပ်ကွက်နေ စစ်နိုင်အေး(၂၄)နှစ်အား လည်းကောင်း၊ ကျိုက်မရောမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ကျိုက်မရောမြို့နယ်၊ မုရောင်းကျေးရွာနေ လင်းလင်းအောင်(၁၆)နှစ်နှင့် မုဒုံမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်နေ ဗညားဦး(ခ)ဗညား(၃၀)နှစ်အားလည်းကောင်း၊ သံဖြူဇရပ်မြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ သံဖြူဇရပ်မြို့နယ်၊ အိုင်ရှည်ကျေးရွာနေ အထွန်း(၃၁)နှစ်အား လည်းကောင်း၊ ဘီးလင်းမြို့နယ်အတွင်း လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်အား လက်ဝယ်ထားစီးနင်းသူ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာနေ ကိုနိုင်(၄၆)နှစ်နှင့် သိမ်ဇရပ်မြို့၊ အမှတ်(၅)ရပ်ကွက်နေ ကျင်အောင်(ခ) မောင်ကျင်(၄၇)နှစ်တို့အား လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် သက်ဆိုင်ရာရဲစခန်းအသီးသီး၌ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။







မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့၌ လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လက်ဝယ်ထားစီးနင်းသူများအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။