Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ “A1” ကားအလှဆင်လုပ်ငန်း မီးလောင်မှု 

     ၂၀၂၅ ခုနှစ်၊ မေ ၁၂ ရက်၊ နံနက် ၀၀ နာရီ ၁၅ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၄)ရပ်ကွက်၊ ဝေဇယန္တာလမ်းရှိ ပိုင်ရှင် ဦးရဲကိုကို၏  ၁၈ x ၅၀ ပေ၊ Steel Structure အုတ်ညှပ် တစ်ထပ် “A1” ကားအလှဆင်လုပ်ငန်းတွင် 6KVA မီးအားမြှင့်စက် အပူလွန်ကဲပြီး ဘေးရှိ ကားမှန်စတေကာများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် ခုနှစ်စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၀၀ နာရီ ၄၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
     အဆိုပါမီးလောင်မှုကြောင့် ၁၈ x ၅၀ ပေ၊ Steel Structure အုတ်ညှပ် တစ်ထပ် အဆောက်အအုံ တစ် လုံး၊  ၁၈ x ၅၅ ပေ၊ RC နှစ်ထပ် နေအိမ်၏ မျက်နှာကြက်နှင့် ထုတ်တန်းအနည်းငယ်၊ ၄၀ x ၆၀ ပေ၊ အုတ်ညှပ် နှစ်ထပ် နေအိမ်၏ အပေါ်ထပ်ခေါင်းရင်းခြမ်းမျက်နှာကြက်နှင့် မြှားတန်းအနည်းငယ်၊ MDY 3R-XXXX GAC အမျိူးအစား၊ ခဲရောင်မော်တော်ယာဉ်၏ အရှေ့အင်ဂျင်ခန်းနှင့် အတွင်းခန်း မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ဝန်ထမ်း ဦးမြင့်ဇော်အား တောင်ဥက္ကလာပမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။