Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၈(A)လမ်း၊ (ဇ)ရပ်ကွက်၊ “ရှင်းသန့်ဟိုတယ်” ရှိ ဝန်ထမ်းအိပ်ဆောင် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၃၂ လမ်းနှင့် ၁၃၃ လမ်းကြား၊ ၆၈(A)လမ်း၊ (ဇ)ရပ်ကွက်ရှိ ပိုင်ရှင် ဦးသက်ခိုင်၏ ၂၀ x ၆၀ ပေ၊ သွပ်မိုး၊ နံကပ်၊ အထပ်သားခင်း နှစ်ထပ် “ရှင်းသန့်ဟိုတယ်” ၏ ဝန်ထမ်းအိပ်ဆောင်အပေါ်ထပ်တွင် လျှပ်စစ်မီးပလပ်ခုံ အပူလွန်ကဲရာမှ အနီးရှိ မွေ့ယာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မဟာအောင်မြေခရိုင်အတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၃ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၁၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၂၀ x ၆၀ ပေ၊ သွပ်မိုး၊ နံကပ်၊ အထပ်သားခင်း နှစ်ထပ် ဝန်ထမ်း အိပ်ဆောင်၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဟိုတယ်မန်နေဂျာ ဦးရဲကျော်မြင့်အား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။