Language: Myanmar English

Featured

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် ဖမ်းဆီးရမိ

     လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၁၆ ရက် မွန်းလွဲ ၂ နာရီတွင် မိုးညှင်းမြို့နယ်၊ ကြာကြီးကွင်းကျေးရွာအနီးတွင် သန်းစိုးအောင်(ခ)လပြည့် မောင်းနှင်ပြီး သက်နိုင်ဦး(ခ)ဖိုးပိန် လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်နှင့် ဖြိုးသူကျော် မောင်းနှင်ပြီး ဝင်းဟိန်း လိုက်ပါလာသည့် YANG FOND အမျိုးအစား မော်တော်ယာဉ်တို့ကို သတင်းအရ စစ်ဆေးရှာဖွေရာ အဆိုပါ ယာဉ်နှစ်စီးပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်း AMMONIUM NITRATE ၂၆ ဒသမ ၂၅ တန် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

1

တရားခံများအား သိမ်းဆည်းရမိသည့် AMMONIUM NITRATE များနှင့်အတူ တွေ့ရစဉ်။