Language: Myanmar English

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူ များအား ပန်းခင်းစီမံချက်အဆင့် (၃) လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၇ ရက် နံနက် ၁၀ နာရီတွင် မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းနှင့် e- ID စနစ်အတွက် Biometric အချက်အလက်များ ကောက်ယူ၍ UID နံပါတ်များ ထုတ်ပေးမှုအခြေအနေအား အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးကောင်းဇော်မြင့်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။ 

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၊ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကျောင်းသား၊ ကျောင်းသူ များအား ပန်းခင်းစီမံချက်အဆင့် (၃) လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် Biometric အချက်အလက်များ ကောက်ခံနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။