Language: Myanmar English

Featured

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇(C)လမ်းနှင့် ၆၇(D)လမ်းကြား၊ ၁၂၀(A)လမ်းနှင့် ၁၂၁ လမ်းကြား၊ ငွေတော်ကျီကုန်းရပ်ကွက်တွင် နေအိမ်မီးလောင်မှု

     ၂၀၂၄ ခုနှစ်၊ ဧပြီ ၉ ရက် မွန်းလွဲ ၁ နာရီ ၅၀ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇(C)လမ်းနှင့် ၆၇(D)လမ်းကြား၊ ၁၂၀(A)လမ်းနှင့် ၁၂၁ လမ်း ကြားတွင် ပိုင်ရှင် ဦးသူရဇော်၏ ၃၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ကြွပ်ပြားကာ၊ အထပ်သားပြားခင်း နှစ်ထပ်နေအိမ် အပေါ်ထပ်ရှိ အိပ်ခန်းအတွင်း စားပွဲတင်ပန်ကာဖွင့်ထားရာမှ အပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၅ စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၉ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါ မီးလောင်မှုကြောင့် ၃၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ကြွပ်ပြားကာ၊ အထပ်သားပြားခင်း နှစ်ထပ်နေအိမ် တစ်လုံး၊ ၁၅x၄၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားပြားခင်း နှစ်ထပ်နေအိမ် နှစ်လုံး၊ ၁၀x၃၀ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် တစ်လုံး၊ ၁၀x၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် တစ်ထပ်နေအိမ် လေးလုံး၊ ၄၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ကြွပ်ပြားကာ၊ အထပ်သားပြားခင်း နှစ်ထပ်နေအိမ်အပေါ်ထပ် တစ်လုံး၊ ၄၀x၂၀ ပေ၊ Steel Structure နှစ်ထပ်နေအိမ် အပေါ်ထပ် တစ်လုံး၊ စုစုပေါင်း နေအိမ် ရှစ်လုံးနှင့် နေအိမ် နှစ်လုံး၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ ပိုင်ရှင် ဦးသူရဇော်အား ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

4

 

5