၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်အတူ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ကျွန်းလှ)စာဖြေဌာနတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန် Camp ဝင်ရောက်နေသည့် ကျောင်းသား/သူ ၁၆၇ ဦး၊ ဆရာမ ၃၂ ဦးနှင့် အတွင်း/အပြင်လုံခြုံရေး ၁၄ ဦး၊ စုစုပေါင်း ၂၁၃ ဦးတို့အား Royal-D အားဖြည့်အချိုရည်များ ဝေငှခြင်းနှင့် ကျောင်းသား/သူများကို နေ့လည်စာကျွေးမွေးခြင်း ဆောင်ရွက်နေမှုအား ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ထို့နောက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးခန်းမ၌ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာသင်တန်းနည်းပြများ၊ သင်တန်းသား ၂၀ ဦး တက်ရောက်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ဖြိုးသန့်စင်ထွန်းမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့၊ ပျဉ်းမမြိုင်ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) စာဖြေဌာန၌ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန် Camp ဝင်ရောက်နေသည့် ကျောင်းသား/ သူများအား နေ့လည်စာကျွေးမွေးနေမှုအား ဝိုင်းဝန်းကူညီဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံ။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။