Language: Myanmar English

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာရှိ စက်သုံးဆီဆိုင် မီးလောင်မှု

     ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ မိုင်းသော်အရှေ့ကျေးရွာအုပ်စု၊ တောင်နီကျေးရွာတွင် ပိုင်ရှင် ဒေါ်အိနိုနိုစံ၏ ၄၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ “ဗိုလ်အောင်ဒင်”(လိုင်စင်မရှိ) စက်သုံးဆီဆိုင်ဂိုဒေါင်အနီးရှိ သံကန်အတွင်းမှဆီကို အင်ဂျင်အသုံးပြု၍ ၁၂ ဘီးပေါ်သို့ဆီတင်ရာမှ ပွတ်တိုက်မှုဖြစ်ပွားပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးနှင့် တောင်ကြီးခရိုင်/မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၅ စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၄၀x၄၀ ပေ၊ သွပ်မိုး၊ အုတ်ကာ ဂိုဒေါင် တစ်လုံး၊ 7N/XXXX FUSO (အပြာရောင်) ၁၂ ဘီးယာဉ် တစ်စီး၊ ဂါလန် ၅၀ ဆံ့ အောက်တိန်းဆီ ၁၈ ပီပါခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ရှင် ဒေါ်အိနိုနိုစံအား ရွှေညောင်နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။