Language: Myanmar English

ပြည်ထဲရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေသည်မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E Mr. Hong Liang ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား၂၂-၁၂-၂၀၁၆ ရက်နေ့ နေ့လည်(၁၅၃၀)နာရီအချိန်တွင် နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၀)ရှိပြည်ထောင်စုဝန်ကြီး၏ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ တွေ့ဆုံစဉ် မဲခေါင်ဒေသတွင်း ၄ နိုင်ငံပူးပေါင်းဆောင်ရွက်မှု(၅)နှစ်မြောက်အစည်းအဝေးဆိုင်ရာကိစ္စရပ်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

new 01