၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက် နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေသည် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ နှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ G-12 စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများနှင့် ဆရာ/ဆရာမများအား တွေ့ဆုံကာ လိုအပ်သည်များ မှာကြားခဲ့ပြီး ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ်၊ ထီးတော်မိုးကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ G-12 စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/သူများနှင့် ဆရာ/ ဆရာမများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်မှု မှတ်တမ်းဓာတ်ပုံ။