Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်အပိုင်း(၂)၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း၊ အမှတ်(၄၆/၄၇)ရှိ GENERAL PAINT သင်္ဘောဆေးစက်ရုံဝင်းအတွင်း နေအိမ် မီးလောင်မှု 

     ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီ ၇ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်အပိုင်း(၂)၊ တွင်းသင်းတိုက်ဝန်ဦးထွန်းညိုလမ်း၊ အမှတ်(၄၆/၄၇)ရှိ GENERAL PAINT သင်္ဘောဆေးစက်ရုံဝင်းအတွင်း ပိုင်ရှင် ဒေါ်ဖြူဖြူခင်၏ ၅၀x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ်နေအိမ်တွင် LED မီးလုံးအား လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် လှိုင်သာယာမြို့နယ်မီးသတ်စခန်း၊ အင်းစိန် မြို့နယ်မီးသတ်စခန်းနှင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၇ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
     အဆိုပါမီးလောင်မှုကြောင့် ၅၀x၂၀ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ် တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် စက်ရုံကြီးကြပ်ရေးမှူး ဦးတင်ယုံအား လှိုင်သာယာ(အရှေ့ပိုင်း)မြို့မ ရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။