Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းသား/ကျောင်းသူများ Grade-12 စာမေးပွဲဖြေဆိုနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး 

    ၂၀၂၅ ခုနှစ်၊ ဇွန် ၁၉ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းသား/ကျောင်းသူများ Grade-12 စာမေးပွဲ ဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးနှင့် စာမေးပွဲကာလအတွင်း ဆူညံသံများ မဖြစ်ပေါ်စေရေးနှင့် လုံခြုံရေးကျိုးပေါက်မှု မရှိစေရန် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ကျောင်းသား/ကျောင်းသူများ Grade-12 စာမေးပွဲဖြေဆိုနေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးမှု မှတ်တမ်းဓာတ်ပုံ။