Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ Grade-12 ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ ဇွန် ၂၀ ရက် နံနက် ၉ နာရီတွင် မြင်းခြံမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ Grade-12 ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုနှင့် လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမြတ်ဆွေသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်း
ကျောင်း၌ Grade-12 ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား 
ကြည့်ရှုစစ်ဆေးခဲ့မှု မှတ်တမ်းဓာတ်ပုံ။