၂၀၂၅ ခုနှစ်၊ မတ် ၃ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ငါန်းဇွန်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5၊ Grade-9 ကျောင်းသား/ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီး၊ ဆရာ/ ဆရာမများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။