၂၀၂၅ ခုနှစ်၊ ဇွန် ၁၁ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်မောင်းအိပ်ငိုက်၍ မော်တော်ယာဉ်မှ GUARD RAIL တန်းအား တိုက်မိကာ တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန် ၁၁ ရက် နံနက် ၅ နာရီ ၄၅ အချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၈ မိုင် ၁ ဖာလုံနှင့် ၂ ဖာလုံကြား၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ ပလွေးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်မှ မန္တလေးသို့ ရန်ကုန် တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဇော်မင်းထွဋ်(၄၂)နှစ် မောင်းနှင်လာသည့် BGO-11/6R-XXXX ISUZU မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ ယာဉ် မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းတွင် ကာရံထားသည့် GUARD RAIL တန်းများအား တိုက်မိကာ လမ်းမကြီးပေါ်၌ တိမ်းမှောက်ရပ်တန့်နေသည်ကို တွေ့ရှိရသဖြင့် ဇော်မင်းထွဋ်အား ပလွေးအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ)၄/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၌ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ယာဉ်မောင်းအိပ်ငိုက်၍ မော်တော်ယာဉ်မှ GUARD RAIL တန်းအား
တိုက်မိကာ တိမ်းမှောက်မှု မှတ်တမ်းဓာတ်ပုံ။