၂၀၂၅ ခုနှစ်၊ မေ ၆ ရက် နံနက် ၁၀ နာရီတွင် ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ဘက်စုံသုံးခန်းမ၌ KBZ Foundation နှင့် ရှမ်းတောင်ပရဟိတ ညီနောင်များကွန်ရက်မှ မြို့နယ်အတွင်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ နာယကနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် စာသင်ကျောင်းများမှ ကျောင်းအုပ်ဆရာ/ ဆရာမကြီးများ၊ ကျောင်းကော်မတီဝင်များ၊ ငလျင်ဘေးသင့်ပြည်သူများ စုစုပေါင်းအင်အား ၄၅၀ ဦးတို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ တာဝန်ရှိသူက ငလျင်ဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းစဉ်များအကြောင်း ရှင်းလင်းခြင်း၊ ငလျင်ဘေးသင့်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများမှ လက်ခံရယူခဲ့ကြောင်း သတင်းရရှိပါသည်။
ရှမ်းပြည်နယ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ မြို့နယ်ဘက်စုံသုံးခန်းမ၌ KBZ Foundation နှင့် ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှ မြို့နယ်အတွင်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားသည့် စာသင်ကျောင်းများနှင့် လူနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပမှု မှတ်တမ်းဓာတ်ပုံ။