ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်ရှိ ကွန်ကရစ်တံတားတစ်စင်းအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၆ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ လေးအိမ်စုကျေးရွာနှင့် လက်ပံခုန်ကျေးရွာကြား၊ ဖြူး-အုတ်ဖြတ်-မုန်းသွားကားလမ်း မိုင်တိုင်အမှတ် ၉ မိုင် ၇ ဖာလုံနှင့် ၁၀ မိုင်ကြားရှိ တံတားအမှတ်(၂/၁၀)အား KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများနှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် အရှည် ၄၀ ပေ၊ အကျယ် ၅ ပေရှိ ကွန်ကရစ်တံတားတစ်စင်း ပြိုကျပျက်စီးခဲ့ပြီး ယာဉ်များဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသောတံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured