Language: Myanmar English

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ရွှေပုပ္ပါးအထူးကုဆေးခန်းနှင့် KPPK DENT သွားဆေးခန်းများ၌ ဆေးခန်းလိုင်စင်သက်တမ်းတိုးနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေး

     ၂၀၂၅ ခုနှစ်၊ မတ် ၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်သည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ အမှတ်(၂)ရပ်ကွက်၊ ရွှေပုပ္ပါးအထူးကုဆေးခန်းနှင့် KPPK DENT သွားဆေးခန်းများ၌ ဆေးခန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။