၂၀၂၅ ခုနှစ်၊ ဇူလိုင် ၄ ရက် နံနက် ၉ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်၊ ပညာနေခြည်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြသင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်း ဖွင့်လှစ်သင်ကြားနေမှုနှင့် မဲပေးစက်အား လက်တွေ့တပ်ဆင် ဆောင်ရွက်နေမှုများအား ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ ပညာရေးဒီဂရီကောလိပ်၊ ပညာနေခြည်ခန်းမ၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာသင်တန်းအား ကြည့်ရှုစစ်ဆေးခဲ့မှု မှတ်တမ်းဓာတ်ပုံ။