Language: Myanmar English

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ Ocean Center တွင် ရေဝင်ရောက်မှု

     ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂၄ ရက် နံနက် ၇ နာရီခန့်က နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် Ocean Center တွင် ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဥတ္တရခရိုင်၊ မြို့နယ်မီးသတ်စခန်းနှင့် ပုဗ္ဗသီရိနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် သုံးစီး၊ မီးသတ်စက်ကလေး လေးလုံးတို့ဖြင့် ရေစုပ်ထုတ်ခြင်း၊ တင်ကျန်ခဲ့သော ရွှံ့နုန်းများ ရေဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။