Language: Myanmar English

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ Online လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူ 

      ၂၀၂၅ ခုနှစ်၊ ဇွန် ၃ ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ Online လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ဇွန် ၃ ရက် နံနက် ၃ နာရီ ၄၀ မိနစ်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ရွှေတွင်းကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် သိုက်ချောင်းကျေးရွာအနီး သိုက်ချောင်းလမ်းဆုံ၌ မသင်္ကာဖွယ်တွေ့ရှိသူ နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ စိမ်းစားပင်ကျေးရွာနေ သန့်ဇင်ကိုကို(၂၃)နှစ်အား ဖမ်းဆီးစစ်ဆေးခဲ့ရာ ၎င်းကိုင်ဆောင်သော ဖုန်းအတွင်းမှ Facebook လူမှုကွန်ရက်စာမျက်နှာပေါ်၌ Zing Gyi Betting အမည်ဖြင့် Online Slot game ၊ ဘောလုံးလောင်းကစားနှင့် သုံးလုံးထီလောင်းကစားများအား Online လောင်းကစားပြုလုပ်နေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် သန့်ဇင်ကိုကို အား ရွှေတွင်းကုန်းမြို့မရဲစခန်း (ပ)၁၉/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၈(က)/၁၉(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၌ Online လောင်းကစားပြုလုပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူမှု မှတ်တမ်းဓာတ်ပုံ။