နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်သမားများအနေဖြင့် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင်အဆောက်အအုံများ၊ ဘုန်းကြီးကျောင်းများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံးညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။
ထိုသို့ ပြုလုပ်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၉ ရက် နံနက် ၇ နာရီ ၂၀ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ ကုန်းသာဦးဘုန်းကြီးကျောင်း၌ သီတင်းသုံးနေထိုင်သည့် ဆရာတော် ဥူးခေမာစာရ(ခ)ဦးဘိုမြင့် သက်တော်(၅၄)နှစ် ဝါတော်(၂)ဝါသည် ရပ်ကွက်အတွင်းသို့ ဆွမ်းခံကြွလာစဉ် မြို့မရပ်ကွက်၊ ရွှေဘို-ရေဦးသွားကားလမ်းဘေးအရောက် အသင့်စောင့်ဆိုင်းနေသည့် PDF အမည်ခံ အကြမ်းဖက်သမား သုံးဦး (စိစစ်ဆဲ) က သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဆရာတော် ဥူးခေမာစာရ(ခ)ဦးဘိုမြင့်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ဒီပဲယင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့် ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ သာသနာ့အနွယ်ဝင် သံဃာတော်အား သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေတည်ငြိမ်းအေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်း စဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Featured