Language: Myanmar English

Featured

ကျွန်းလှမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားတိုင်များအား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင် ဖောက်ခွဲဖျက်ဆီး

     နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများသည် ဒေသအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်စေရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် လျှပ်စစ်ဓာတ်အားပေးတိုင်များအား မီးရှို့ ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အဖျက်အမှောက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ မေ ၁၉ ရက် နံနက် ၇ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်၊ ငှက်ပျောတောကျေးရွာအနီးရှိ သဖန်းဆိပ်လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်တို့ရှိ လျှပ်စစ်ဓာတ်အားခွဲရုံများသို့ သွယ်တန်းထားရှိသည့် လျှပ်စစ်ဓာတ်တိုင်အမှတ်(၆၆)နှင့် လျှပ်စစ်ဓာတ်တိုင်အမှတ်(၇၀)တို့အား PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့် လျှပ်စစ်ဓာတ်တိုင်များ ကျိုးကျပျက်စီးခဲ့ပြီး လျှပ်စစ်မီးများပြတ်တောက်လျက်ရှိကြောင်း သိရသည်။
     ထိုသို့ အကြမ်းဖက်သမားများ၏ဖျက်ဆီးမှုကြောင့် ပျက်စီးခဲ့သည့် လျှပ်စစ်ဓာတ်တိုင်များအား အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရေး တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းနှင့် မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ် အေးချမ်းရေးတို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။