အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းများသည် ဒေသတွင်းလမ်းပန်းဆက်သွယ်မှုများ ပြတ်တောက်စေရန် ရည်ရွယ်၍ အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် ကားလမ်းများတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်အဖျက်အမှောက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၄ ခုနှစ် ဇွန် ၁၅ ရက် နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာအနီးရှိ တံတားတစ်စင်းအား PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ နံနက် ၂ နာရီတွင် ကျီကုန်းကျေးရွာ၏မြောက်ဘက် ၃ ဖာလုံခန့်အကွာ ထန်းကုန်း-ကာဘိုး ကျေးရွာသွားကားလမ်းရှိ အလျား ၈၀ ပေ၊ အကျယ် ၁၄ ပေရှိ သံဘောင်၊ သစ်သားခင်းတံတားသို့ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး တံတားအား မီးရှို့ဖျက်ဆီးသွားခဲ့သဖြင့် မီးလောင်မှုကြောင့် တံတား၏ကြမ်းခင်းသစ်သားပြားများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး မော်တော်ယာဉ်များ ဖြတ်သန်းသွားလာ၍ မရကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပျက်စီးသွားသောတံတားအား သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်လျက်ရှိပြီး အများပြည်သူသွားလာအသုံးပြုလျက်ရှိသည့် တံတားအား မီးရှို့ဖျက်ဆီးခဲ့သူ အကြမ်းဖက်သမားများအား အရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး တို့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာအနီးရှိ တံတားတစ်စင်းအား
PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။